ထေရုပ္ပတ္တိအကျဉ်း

ဓမ္မဒူတ အရှင်ဆေကိန္ဒ အလောင်းအလျာကို စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက် ခမည်းတော် ဦးအောင်သန်း+ မယ်တော် ဒေါ်စိန်ကြည်တို့က ကောဇာသက္ကရာဇ် ၁၃၁၉-ခုနှစ်၊ တပို့တွဲလဆန်း (၉)ရက်၊ (28-1-1958) အင်္ဂါနေ့၌ မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့ပါသည်။
၁၉၇၅-ခုနှစ်၌ စစ်ကိုင်းမြို့ အမှတ်(၁) အထက်တန်းကျောင်းမှ ၁၀-တန်းကို အောင်မြင်ခဲ့ပြီး ၁၉၇၉-ခုနှစ်၌ မန္တလေးမြို့ စက်မှုလက်မှုသိပ္ပံ၏ A.G.T.I (civil) မြို့ပြအင်ဂျင်နီယာ ဒီပလိုမာဘွဲ့ကို ရရှိအောင်မြင်ခဲ့ပါသည်။
၁၉၈၃-ခုနှစ်၌ မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်း ဓမ္မဒူတတောရ ဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြု၍ ရှင်ရဟန်းအဖြစ်ကို ယူခဲ့ပါသည်။ အရှင်မြတ်သည် တောင်စွန်း ဓမ္မဒူတတောရကျောင်းတိုက်ကြီး၌ပင် ပရိယတ္တိ စာပေတို့ကို မူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းတို့ကို နှစ်ချင်းပေါက် အောင်မြင်တော်မူခဲ့ပြီး ၁၉၉၃-ခုနှစ်တွင် စာချတန်း၌ ကျမ်းရင်းသုံးကျမ်းစလုံးကို တစ်နှစ်တည်းဖြင့်ပင် အောင်မြင်တော်မူခဲ့၍ အစိုးရ သာသနဓဇဓမ္မာစရိယဘွဲ့တံဆိပ်ကို ရရှိတော်မူခဲ့ပါသည်။ သဒ္ဓမ္မနေပုည ဓမ္မာစရိယဘွဲ့နှင့် သာသနဇောတိပါလ ဓမ္မာစရိယဘွဲ့တို့ကိုလည်း ရရှိတော်မူခဲ့ပြန်ပါသည်။
ထို့ပြင် နိုင်ငံတော် အစိုးရမှဆက်ကပ်သော မဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဂန္ထ၀ါစကပဏ္ဍိတ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ၊ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်မှ M.A (Buddhism) နှင့် Ph.D ဘွဲ့တို့ ကိုလည်းရရှိခဲ့ပါသည်။ ပရိယတ္တိစာပေများကို တောင်စွန်း ဓမ္မဒူတတောရ၊ အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်၊ မန္တလေးမြို့ မစိုးရိမ်တိုက်၊ စစ်ကိုင်းမြို့ ဇေယျသိန်ပါဠိတက္ကသိုလ်၊ စစ်ကိုင်းမြို့ သုဗောဓာရုံ စာသင်တိုက်စသော ကျောင်းတိုက်တို့ရှိ ဆရာမြတ်တို့၏ အထံတော်မှ နည်းနာခံယူ သင်ယူခဲ့ပါသည်။
၁၉၉၈ ခုနှစ်၌ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်တွင် နည်းပြအဖြစ် တာဝန်ထမ်းဆောင်တော်မူခဲ့ပါသည်။ ၂၀၀၀ ခုနှစ်တွင် လက်ထောက်ကထိက၊ ၂၀၀၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းဌာနတွင် တွဲဖက်ပါမောက္ခအဖြစ် ပူးတွဲတာဝန်ထမ်းဆောင်တော်မူခဲ့ပါသည်။
အရှင်မြတ်သည် ဓမ္မဒူတနာယက အဖွဲ့ဝင်၊ မှော်ဘီမြို့နယ် သံဃနာယက အဖွဲ့ဝင်၊ ဓမ္မဒူတ ဇေတ၀န်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်ကြီး၏ ပဓာန နာယက ဆရာတော်၊ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ထေရ၀ါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ပဋိပတ္တိမဟာဌာန (၀ိပဿနာ) ပါမောက္ခ၊ မဟာဌာနမှူး ဆရာတော်စသော တာဝန်တို့နှင့် ကျမ်းစာရေးသားခြင်း၊ စာပေပို့ချခြင်း၊ တရားဟောပြောခြင်း၊ တရားပြသခြင်း၊ ယဉ်ကျေးလိမ္မာ လူငယ်သင်တန်းများ ဖွင့်လှစ်ခြင်း စသည်တို့ကို ဆောင်ရွက်တော် မူလျက်ရှိသည်။

အတွေးအခေါ်နှင့် အတွေ့အကြုံ (၂)

ဟိုမှာလည်းပြေနေကြတယ်၊ ဒီမှာလည်းပြောနေကြတယ်။ နေရာတိုင်းမှာလိုလို ကြားနေရတယ်။ မိဘအရွယ်တွေ တစ်ဦးနဲ့ တစ်ဦး စမိကြ၊ ဆုံမိကြပြီဆိုရင် သားသမီးတွေရဲ့ စိတ်တိုင်မကျတဲ့ ပုံစံတွေကို ထုတ်ပြောနေကြတာတွေဟာ အမြဲတမ်းလို လိုပါပဲ။ ဒီလိုပါပဲ။ သားသမီးအရွယ်တွေ စမိကြ၊ ဆုံမိကြပြီဆိုရင်လည်း မိဘတွေရဲ့ ဆက်ဆံပြုမူထိန်းသိမ်း ကိုယ်တွယ်ပုံတွေကို မနှစ်သက်တဲ့လေသံတွေနဲ့ ပြောဆိုပြောနေ ဆိုနေကြတာတွေကို အမြဲလိုလိုနေရာတိုင်းမှားနေရတာပါပဲ။ ဒီနေ့၊ ဒီခေတ်၊ ဒီအချိန်၊ မိဘနဲ့ သားသမီးတို့ရဲ့ အတွင်းရေးပြဿနာတွေဟာ ရှေးယခင်ထက် ပိုမိုကြီးထွားလာပါတယ်။ တစ်အိမ်၊ တစ်ရပ်၊ တစ်ရွာတွင်သာမကပါဘူး၊ နေရာတိုင်းမှာ အရှိန်ပြင်းပြင်းနဲ့ ပေါက်ကွဲဖြစ်ပေါ်နေပါတယ်။
လူမျိုးမရွေး၊ ဒေသမရွေး၊ ကမ္ဘာနဲ့ အ၀န်း ကြုံတွေ့နေရတဲ့ မိဘနဲ့ သာသမီးပြဿနာကို ဖြေရှင်းပေးနိုင်ဖို့ နည်းလမ်းတွေ ကိုရှာဖွေနေကြပါတယ်။ နည်းလမ်း သစ်တွေကို ရှာဖွေနေကြသလို နည်းလမ်းဟောင်းတွေကိုလည်း ပြန်လည်ပြီသုံးစွဲကြည့် နေကြပါတယ်။ဒါပေမယ့် မိဘနဲ့ သားသမီး ပြဿနာဟာ အရှိန်သေရပ်တန့်ပြီး ပျောက်ကွယ်မသွား သေးပါဘူး။ အမှန်ကတော့ ဒီမိဘ၊ ဒီသားသမီးတွေရဲ့ ပြဿနာကို ပြဿနာတစ်ရပ်အနေနဲ့ မမြင်ဘဲ မိဘနဲ့ သားသမီးရဲ့ အသက်အရွယ် ကွာခြားမှုကြောင့် ဖြစ်နေရတဲ့သဘောပါလားလို့ အရင်မြင်ထားကြည့်စေချင်ပါတယ်။
Read more

အတွေးအခေါ်နှင့် အတွေ့အကြုံ

တစ်ဦးနဲ့တစ်ဦး၊ တစ်ယောက်နဲ့တစ်ယောက် ရုပ်ချင်းတူဖို့လည်းမလွယ်၊ တူတယ်ဆိုတာမျိုးကလည်း အလွန်ရှားပါတယ်။ စိတ်ချင်းတူဖို့ ဆိုတာက ပိုပြီးတော့မလွယ်ဘူး။ မဖြစ်နိုင်ကြပါဘူး။ လူတူမရှားနာမည့်တူမရှား ဆိုတာကလည်း ခေတ်အ ဆက်ဆက်ကို ပြောတာပါပဲ။ အားလုံးမတူနိုင်ပါဘူး။ နာမည်ဆိုရင်လည်း အခေါ်အဝေါ်အသုံးအနှုန်းသာ တူရင်တူမယ်။ စိတ်ချင်းတော့ ဘယ်လိုမှမတူနိုင်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် တူဖို့နေနေသာသာ ကိုယ်တစ်ယောက်တည်းကိုပဲ တစ်စိတ်နဲ့တစ်စိတ်မတူပါပဲ။ တစ်ရက်နဲ့တစ်ရက် မတူပါဘူး။ တစ်ချိန်နဲ့ တစ်ချိန်မတူပါဘူး။ အမြဲပြောင်းလဲနေတာပါပဲ။စိတ်ကတော့ ခုတစ်မျိုး ခုတစ်မျိုး ပြောင်းနေတာပါပဲ။ လူပြောင်းတာက မသိသာပေမယ့် ပြောင်းလဲတာကတော့ အမှန်ပါပဲ။
စိတ်ပြောင်းတာကတော့ မကောင်းတာကနေ ကောင်းတာကို ပြောင်းနိုင်တယ်။ ကောင်းတာကနေ မကောင်းတာကို ပြောင်း နိုင်တယ်။ မကောင်းတာတွေလည်း ဆက်ကာဆက်ကာ ပြောင်းနေနိုင်တယ်။ ကောင်းတာတွေချည်းပဲလည်း ဆက်ကာ ဆက်ကာ ပြောင်းနေနိုင်တာပဲ။ ဒါ သဘာဝဓမ္မ သဘောတရားအမှန်ပါပဲ။ တစ်ချို့ ဒီပြောင်းလဲမှုသဘောတရားကို သဘော မပေါက်ကြဘူး။ နားမလည်ကြဘူး။ မသိကြဘူး။ တစ်ချို့ကတော့ ဒီပြောင်းလဲမှု သဘောတရားကို သိရှိနားလည်သဘော ပေါက်ကြတယ်။ ဒါပေမယ့် ပေလယျကန် မသိကျိုးကျွန်ပြုနေကြတယ်။ ကောင်းနေတဲ့ စိတ်ဓာတ်ကို ကောင်းသထက် ကောင်းအောင်၊ ဒါမှမဟုတ် မကောင်းတဲ့ဘက်ကို မြားဦးလှည့်မသွားအောင် အသိရှိရှိ သတိရှိရှိနဲ့ ကြိုးစားနေကြတဲ့ တချို့ တချို့တွေလည်း ရှိနေကြပါသေးတယ်။
Read more
 
 
 
 
buttom3 buttom4